welcome box
Tuesday, December 30, 2014
Computer Programming ကိုစလေ့လာသူတွေအတွက် စာအုပ်ကောင်းများ
Monday, December 15, 2014
Android Phone များတွင် မြန်မာ Font ကို နည်းစနစ်ကျကျထည့်သွင်းခြင်း { Root User }
နောက်ပိုင်းထွက်ရှိလာသော Android Version
4.2.2 မှ 4.4.2 အထိဖုန်းများတွင် Myanmar Font
ထည့်သွင်းရာတွင် One Click Apk များနှင့်ထည့်သွင်း
ပါက အဆင်ပြေခြင်းရှိသလို အခန့်မသင့်လျှင်လည်း
Firmware ကျတတ်သည်အထိဖြစ်တတ်ပါတယ်။
ဒီလိုပြဿနာမဖြစ်ဖို့ Android မှာမြန်မာစာထည့်
သွင်းနည်းကိုသမာရိုးကျနည်းစနစ်ဖြစ်တဲ့
{ Fonts + Root Explorer } နည်းစနစ်နဲ့သွင်းတာက
ပြဿနာကင်းရှင်းပြီး စိတ်ကြိုက်မြန်မာစာချိန်ညှိ
လို့ရပါတယ်။ မြန်မာဖောင့်အတွက်ဖုန်း APKများ။
မြန်မာဖောင့်ထည့်သော ကွန်ပျူတာ APP များ
ဟာလည်း ဒီနည်းလမ်းကိုပဲအသုံးပြုထားတာပါ။
One Click နဲ့ ကိုယ့်အားကိုယ်ကိုးစနစ်ကွာတာပဲ
ရှိပါတယ်။ဒီနည်းကတော့ error ကင်းပါတယ်။
ဒီနည်းကိုအသုံးပြုဖို့အသုံးပြုမယ့် Android Phone
ဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်။
ပြီးရင်ဖုန်းထဲကို Root Explorer ကိုထည့်သွင်းပါ။
SD ကဒ်အလွတ်တစ်ခုထဲကို
SmartZawgi.ttf
Roboto-Regular.ttf
Padauk.ttf
ဖောင့်သုံးခုကို MF ဆိုပြီး
ဖိုဒါတစ်ခုဆောက်ကာထည့်သွင်းပါ။
ပြီးရင် SD ကဒ်ကိုဖုန်းမှာထည့်သွင်းပါ။
Root Explorer ကိုဖွင့်ပါ။
ကဏ္ဏနှစ်ခုခွဲထားတာတွေ့ပါလိမ့်မယ်။
ပထမတစ်ခုက ROOT
ဒုတိယတစ်ခုက STORAGE ပါ။
ကျွန်တော်တို့ ROOT ဆိုတဲ့ကဏ္ဏကိုဝင်ပါမယ်။
ပြီးရင် system ဆိုတဲ့ ဖိုဒါထဲကိုဝင်ပါမယ်။
ပြီးရင် fonts ဖိုဒါထဲကိုဝင်ပါမယ်။
အပေါ်နားမှာ r-o ဆိုတဲ့အရာလေးကိုနိပ်ပြီး
r-w ဖြစ်အောင်လုပ်ထားလိုက်ပါ။
ဒီအဆင့်ပြီးရင်တော့ ဟိုဘက်က STORAGE
ဆိုတဲ့ကဏ္ဏကိုဝင်လိုက်ပါ။
စောစောက ကျွန်တော်တို့ဆောက်ထားတဲ့
MF ဆိုတဲ့ဖိုဒါထဲကိုဝင်လိုက်ပါ။
ပြီးရင်တော့ ဖိုဒါထဲမှာရှိတဲ ဖိုင်သုံးဖိုင်လုံးကို
select all နဲ့ Copy ကူးပါ။
ပြီးရင်စောစောကဖွင့်ထားတဲ့ fonts ဆိုတဲ့ဖိုဒါကို
သွားပြီး Copy here လုပ်ပေးပါ။
ရှိပြီးသားဖိုင်တွေဆို Replace လုပ်မလားမေးပါတယ်
Replace ကိုပဲနိပ်ပေးလိုက်ပါ။
အားလုံးပြီးသွားရင်တော့ ဖုန်းကို Restart ချလိုက်ပါ။
ပြန်တတ်လာရင်မြန်မာစာမြင်နေရပါပြီ။
အဆင်ပြေဆုံး font သုံးခုပဲထည့်ပေးထားပါသည်။
အခြားဖောင့်များနင့်လည်းစမ်းသပ်နိုင်ပါသည်။
File Size - 2MB
Wednesday, December 10, 2014
4.2.2 Myanmar Font
Android Version 4.2.2 နှင့်အထက်ဖုန်းများမှာ
မြန်မာစာအဆင်ပြေစေဖို့ 4.2.2 MMF tool လေး
ပါ။အဆင်ပြေဆုံးဖြစ်အောင်လို့ Padauk နဲ့
Roboto Regular ကိုထည့်ဖို့ Choose နစ်မျိုးရေး
ပေးထားပါတယ်။
ပထမနည်းက Padauk ပါ။
ဒုတိယကတော့ Roboto Regular ပေါ့။
ဒီ Tool ကိုသုံးဖို့ ဖုန်းက Root
ဖောက်ထားဖို့လိုပါတယ်။
လိုအပ်သူများအောက်ကလင့်ခ်မှာ Download ယူပါ။
Learn CMD
What is Batch file?
Batch file ဆိုတာ cmd command တွေကို ပေါင်းရေးထားတဲ့ ပရိုဂရမ်တစ်ခုပါပဲ…. ဥပမာပေါ့ C:\a.txt ရယ် C:\folder\green.jpg ရယ်ဆိုတဲ့ ဖိုင် နှစ်ခုကို D:\ မှာ ကော်ပီကူးစေချင်ရင် cmd မှာ Copy C:\a.txt D: လို့  တစ်ခု copy C:\folder\green.jpg D: လို့  တစ်ခါ ဆိုပြီး ကော်မန်း နှစ်ခါ ရိုက်ရပါမယ် အဲ့လိုမျိုး ကော်မန်းနှစ်ခုကို ဖိုင်တစ်ဖိုင်ထဲမှာ ကြိုရေးပြီး အဲ့ဖိုင်ကို နှိပ်လိုက်တာနဲ့  တစ်ခါတည်းနဲ့  နှစ်ခုလုံး လုပ်ပြီးသားဖြစ်အောင် လုပ်လိုက်တာကို batch file ရေးတယ်လို့  ခေါ်ပါတယ် command အစုအဝေး ပေါ့ တစ်ချို့ က ဘာလုပ်လို့  ရလည်းလို့  တွေးရင်း တွေးမယ် ဥပမာပေါ့ temp ဖိုဒါထဲက မလိုအပ်တဲ့ ဖိုင်တွေရယ် recent ဖိုဒါထဲက မလိုအပ်တဲ့ ဖိုင်တွေရယ် စသဖြင့် ခဏခဏ ဖျက်ပေးရပါတယ် အဲ့လို အလုပ်မျိုးကို ဒီလို batch file ရေးလိုက်ရင် ခဏခဏ ကော်မန်းတွေ ရေးပြီးဖျက်စရာ မလိုတော့ပဲ တစ်ချက်တည်းနဲ့  ပွဲသိမ်းပါတယ်…. နောက်ပြီး batch file လေ့လာရင်း Programming concept လေးလည်း ရလာပါတယ်…. ပြီးတော့ windows system ကိုလည်း ပိုပြီး တီးမိ ခေါက်မိလာပါတယ်…. cmd ကို ကျွမ်းကျင်သွားရင် ရလာမှာက အများကြီးပါ biggrin ၀ါသနာပါတဲ့ လူတွေကြီးဖတ်နေတာမို့  ဆက်မကြေငြာတော့ပါဘူး…. Batch file အတွက် ကော်မန်းက သိပ်များများ စားစား မရှိပါဘူး …. echo, pause, rem, goto, call, echo., if, for ဒါပါပဲ…. ကျန်တာက cmd ကော်မန်းတွေပဲ ထည့်သုံးရတာပါ…. အရင်ဆုံး batch ကော်မန်း တွေလေ့လာပါမယ် ပြီးမှ cmd ဘက်ကူးကြတာပေါ့…. အောက်မှာ ငါးခု အရင် ပြထားပါတယ် if ကို နောက်မှ ဆက်လေ့လာကြမယ်…. For ကိုတော့ ပယ်ထားပါတယ် မလေ့လာတော့ပါဘူး biggrin
Echo command
Echo ကော်မန်းက စကရင်မှာ ကိုယ်ပြချင်တာတွေနဲ့ တွဲသုံးရပါတယ် ဥပမာ ကိုယ်ရေးထားတဲ့ ဘက်ဖိုင်လေးကို နှိပ်လိုက်လို့  Hello World! လို့  စာတန်းလေး ပေါ်လာစေချင်ရင် အောက်က ကုဒ်လေးတွေကို Notepad ထဲမှာ ရေးပြီး program.bat ဆိုပြီး သိမ်းလိုက်ပါ ပြီးရင် ပြန်ဖွင့်ကြည့်လိုက် Hello world! ဆိုတာလေး ပေါ်နေလိမ့်မယ်….
Code:
@echo off
echo Hello World!
Pause
ဘာမှခက်တာတော့ မပါပါဘူး echo နောက်က စာသားကို သူက ထုတ်ပြတယ် ဒါပါပဲ @echo off ဆိုတာကတော့ C:\Users\ ဘာညာဆိုပြီး ပေါ်လာတာတွေကို မပေါ်အောင် လုပ်လိုက်တာပါ သူတို့ ပေါ်ပေါ်လာတော့ မလှတော့ပဲ မျက်လုံးရှုပ်လာပါတယ်…. လက်တွေ့ သိချင် အပေါ်က ကုဒ်ကိုပဲ @echo off မပါပဲ ရေးပြီး ဖွင့်ကြည့်ပါ….
Pause command
Pause ကော်မန်းကတော့ အတော်ကြီး ရှင်းတာ ဟီး ရပ်လိုက်ပါတဲ့ pause ကိုတွေ့ တာနဲ့  ပရိုဂရမ်က ရပ်လိုက်ပြီး ပရိုဂရမ်ကို ဆက်အလုပ်လုပ်မယ်ဆို သုံးတဲ့သူက ကီးတစ်ခု နှိပ်ပေးရပါတယ် ဒါမှ ဆက်ပြီး အလုပ်လုပ်မှာပါ…. ခုန ပရိုဂရမ်လေးမှာဆို Hello World! လည်းပြီးရော press any key to continue…. ဆိုပြီး ရပ်နေပါတယ်…. ကီးတစ်ခုခုကို နှိပ်လိုက်တော့မှ ဆက်အလုပ်လုပ်မှာမို့  နှိပ်လိုက်ပါတယ် တစ်ခုခု…. ဒါပေမယ့် သူက ပိတ်သွားပါတယ်…. အင်းလေ ပိတ်မှာမို့  သူ့ နောက်မှာ ဆက်လုပ်စရာ ဘာအမိန့် မှမှ မရှိတော့တာ ပြီးပြီပေါ့ ဟီးဟီး biggrin ဒီလောက်ဆို ရှင်းပြီ ထင်ပါတယ်…. Pause သုံးရင် ခဏ ရပ်မယ် တစ်ခုခုနှိပ်မှ ဆက်အလုပ်လုပ်မယ်….
Goto command
Goto ကို တစ်နေရာရာမှာ ရှိနေတဲ့ အမိန့် တွေကို သွားလုပ်ခိုင်းစေချင်ရင် သုံးရပါတယ်…. ဥပမာပေါ့ ကျွန်တော့်မှာ အလုပ်သမား တစ်ယောက်ရှိတယ် အလုပ်တွေ ပြီးသွားလို့  သူ့ ကို ကျွန်တော့် သူငယ်ချင်းဆီ သူခိုင်းတာ လုပ်ခဲ့ ဆိုပြီး အလုပ်လုပ် ဖို့ လွတ်လိုက်တယ်…. ဒါဆို ကျွန်တော်က goto ကို သုံးလိုက်တာပေါ့ ထပ်ရှင်းသွားအောင် ဒါလေး ကြည့်ပါအုန်း
Code:
@echo off
echo hi
goto a
echo hey
echo hello
:a
echo Hello World
pause
ဒီမှာ ဆို ပထမဆုံး အပေါ်က echo hi ဆိုတာကို အလုပ်လုပ်ပါတယ် ပြီးတော့ goto a ဆိုတာကို သွားတွေ့ ပါတယ် အဲ့ဒါနဲ့  အောက်က ကော်မန်းတွေကို ဆက်အလုပ် မလုပ်တော့ပဲ a ဆီတန်းသွားပါတော့တယ် a ဆီရောက်တာနဲ့  a အောက်က အမိန့် ကို ဆက်လုပ်ပါတော့တယ် :a ဆိုတာက a အမှတ်လို့  သတ်မှတ်ပေးတာပါ ရှေ့က အစက်လေး နှစ်စက် ခံပြီး သတ်မှတ်ရပါတယ်…. ဒါဆို နေရာလည်း သတ်မှတ်တတ်ပြီ သွားလည်း သွားတတ်ပြီပေါ့….
Rem command
rem ဆိုတာက comment(မှတ်ချက်) ရေးဖို့ ပါ….ပရိုဂရမ်တစ်ခုရေးရင် တစ်ချို့ ကုဒ်တွေမှာ မှတ်ချက်လေးတွေ ရေးထားလေ့ရှိပါတယ် ကိုယ်ပြန်ဖတ်လည်း လွယ် နောက်လူဖတ်လည်း လွယ်အောင်ဆိုပြီးတော့ပါ…. ပရိုဂရမ် သေးသေးလေး ဆိုရင်တော့ ကိစ္စမရှိပေမယ့် ကြီးလာရင်တော့ ဒါလေးတွေ ထားတော့ နားလည် လွယ်တာပေါ့…. rem ကိုတွေ့ တာနဲ့  သူနောက်က စာသားတွေကို လျစ်လျူရှူပြီး နောက်တစ်ကြောင်းကို ဆက်အလုပ်လုပ်ပါတယ် ဥပမာ ဒီလိုပေါ့
Code:
@echo off
echo hi
rem echo hi
echo hey
echo hello
pause
ဒီမှာဆိုရင် အပေါ်က Hi ကို အလုပ်လုပ်ပါတယ် rem လည်းတွေ့ ရင် သူ့ နောက်က စာသားက ဘာပဲဖြစ်ဖြစ် လျစ်လျူပြီး နောက်တစ်ခုကို လုပ်ပါတယ် rem နောက်မှာ ရေးချင်ရာသာရေးပါ….
Call command
Call ဆိုတာက ဖိုင်တစ်ခုခုကို ခေါ်ရင် သုံးပါတယ် ဓာတ်ပုံပဲ ဖြစ်ဖြစ် ဆော့ဝဲလ်ပဲ ဖြစ်ဖြစ် word ဖိုင်ပဲဖြစ်ဖြစ် batch file ပဲဖြစ်ဖြစ် call နောက်မှာ ရေးလိုက်တာ မှန်သမျှကို ဖွင့်ပေးပါတယ် ဥပမာပေါ့ notepad ကို ဖွင့်ပြီး ရေးချင်ရာသာ လေးငါးလုံး ရေးလိုက် ပြီးရင် name.txt နဲ့  သိမ်း…. Batch file ကိုကျ ဒီလိုလေး ရေး….
Code:
@echo off
echo hi
pause
call name.txt
ဒါဆို အဲ့ဘက်ဖိုင်ကို ဖွင့်တာနဲ့  ဟိုင်း လို့  စာသားပေါ်လာလိမ့်မယ် ပြီးရင် ကီး တစ်ခုခု နှိပ်တာနဲ့  name.txt ဖိုင်က သူ့ အလိုလို ပွင့်သွားပါလိမ့်မယ်…. တစ်ခြား ကြိုက်ရာဖိုင် အစားထိုးပြီး လုပ်ကြည့်ပါ…. တစ်ခုပဲ သတိထားရမှာပါ call လုပ်မယ့် ဖိုင်နဲ့  ကိုယ့်ရဲ့ ဘက်ဖိုင်က တစ်နေရာတည်း(ဖိုဒါ တစ်ခုထဲ) မှာ တူတူရှိနေမှ ရမှာပါ…. အဲ့လိုမဟုတ်ပဲ ကိုယ်ဖွင့်စေချင်တဲ့ ဖိုဒါက D: ထဲမှာဆို ဒီလို ဖွင့်ရမှာပါ
Code:
@echo off
echo hi
call D:\name.txt
pause
ကျေးဇူးပြုပြီး ကော်မန့် မရေးပါနဲ့ အုန်း အများကြီး ဆက်ရေးချင်သေးလို့  ဟီး
CMD( command prompt)
Batch command ငါးခုတော့ ပြီးသွားပါပြီ လွယ်လိုက်တဲ့ ဖြစ်ချင်း ခိခိ biggrin မယုံ မရှိနဲ့  နောင် တစ်ချိန် ပရိုဂရမ်းမင်း လေ့လာရင် ဒီ ဘက်ဖိုင်ကို တစ်အား ကျေးဇူးတင်နေလိမ့်မယ်…. ခုစာအုပ်သာ ပြီးသွားရင် စစ်စတန်ပိုင်းလည်း ကျွမ်းလာလိမ့်မယ်…. အခု cmd command လေးတွေ စလေ့လာပါတော့မယ်…. Cmd ကိုဖွင့်တာက အရင် ပြောကြည့်အူးမယ် ( အခြေခံကပဲ ပြောချင်တာပါ ဒါကြောင့် သိပြီးသားဆို နည်းနည်း သည်းခံပေးပါ ) windows key + R ကို နှိပ်ပြီး run box ကို ခေါ် အဲ့ထဲမှာ cmd လို့  ရိုက်ပြီး အန်းတားခေါက်လိုက်ရင် cmd ပွင့်ပါတယ်…. တခြားနည်းတွေလည်း အများကြီးပဲ ဒီနည်းလေးပဲ အကျင့်လုပ်ထားလိုက်ပါ ဆာကြလယ် ဒီနည်းက ခိခိ biggrin
File management
ဖိုင်တွေ ကော်ပီကူးတာ နေရာရွေ့တာ ဖျက်ပစ်တာ နာမည်ပြောင်းတာ စတာတွေကို စီအမ်ဒီ ထဲက လုပ်လို့  ရပါတယ်…. ပထမဆုံး ကော်ပီကူးကြမယ်…. ဥပမာ D:\name.txt ဖိုင်ကို D: အောက်က note ဆိုတဲ့ ဖိုဒါထဲကို ကော်ပီကူးပါမယ်
Cmd ကိုဖွင့်ပါ…. အထဲမှာ ဒီလို ရိုက်လိုက်
Code:
copy D:\name.txt D:\note
1 file(s) copied ဆိုပြီး စာတန်း ပေါ်လာလိမ့်မယ် ဒါဆို note ဖိုဒါထဲ ကော်ပီကူးလိုက်တဲ့ ဖိုင်လေး ရောက်သွားပါပြီ…. ကိုယ့်ဘာသာ စမ်းကြည့်ကြပါ…. လုပ်ပုံလုပ်နည်းက Copy ကိုရေး ပြီးရင် မူရင်းဖိုင်နေရာရေး စပေ့တစ်ခါ ခြားပြီး ကော်ပီဖိုင် သိမ်းမယ့်နေရာရေး ဒါပါပဲ…. အခု ဖိုင်တွေကို နေရာ ရွေ့ တာ ဆက်ပြောပါ့မယ်…. ဒီဘက်က ဖိုင်ကို cut လုပ်ပြီး ဟိုဘက်မှာ Paste သွားလုပ်တာကို move လုပ်တယ်လို့  ပြောတာပါ ဟီးဟီး အယူအဆလွဲနေမှာစိုးလို့  အခု အဲ့လို cut-paste လုပ်ပါမယ်…. ခုန D:\note\name.txt ဖိုင်ကို C: အောက်မှာ သွားထားပါမယ်.. ဒါဆို ဒီလိုလေး ရေးရပါတယ်….
Code:
move D:\note\name.txt C:\
သူလည်း အဲ့လို လုပ်လိုက်တာနဲ့  1 file(s) moved လို့  စာတန်းပေါ်လာပါလိမ့်မယ် ဒါဆို နေရာရွေ့ ပြီးသွားပါပြီ…. ဒီတစ်ခါ ဖိုင်တွေကို rename ပြန်လုပ်ကြပါမယ်…. ခုန C:\name.txt ကို rename.txt လို့  နာမည်ပြောင်းပါ့မယ်…. ဒီလိုလေးပေါ့
Code:
ren C:\name.txt rename.txt
ဒါဆို နာမည်ပြောင်းသွားပါလိမ့်မယ် သူက 1 file(s) copied , 1 file(s) moved စသဖြင့်ပေါ်သလို စာတန်း မပေါ်ပါဘူး…. နောက်ပြီး သူ့ ကို batch file မှာ comment ရေးရင် သုံးတဲ့ rem နဲ့  ရောတတ်ပါတယ်…. အဲ့တော့ အဲ့ကော်မန်းကြီးက နည်းနည်း မျက်လုံးမတွေ့ စရာ ဖြစ်နေပါတယ်…. နောက်တစ်နည်းနဲ့  နာမည်ပြောင်းနိုင်ပါတယ် အဲ့ဒါက move ကို သုံးပြီးတော့ပါ…. ဒီလိုပေါ့ ခုန rename.txt ကို name.txt လို့  ပြန်ပြောင်းပါမယ်….
Code:
move C:\rename.txt C:\name.txt
အဲ့လို့  ရိုက်လိုက်ရင် 1 file(s) moved လို့  ပေါ်လာလိမ့်မယ် ဒါဆို နာမည်ပြောင်းပြီးသား ဖြစ်သွားလိမ့်မယ် သွားကြည့်လိုက်ပါ…. အခု ဖိုင်တွေ ဖျက်တာကို ဆက်သွားကြတာပေါ့…. ပထမဆုံး ဖျက်ဖို့  ဖိုင်ကို အရင် ဖန်တီးလိုက်ပါအုန်းမယ်…. Name.txt ကိုပဲ ကော်ပီပွားလိုက်ပါမယ် ဖျက်ဖို့  အတွက်….
Code:
copy C:\name.txt C:\koko.txt
အဲ့လို ရိုက်လိုက်တော့ C: အောက်မှာပဲ Koko.txt ဆိုတဲ့ဖိုင်လေး အသစ်ပေါ်လာပါတယ်…. သူက name.txt ဖိုင်ကို ကော်ပီကူးရင်း တစ်ခါတည်း နာမည်ပါပြောင်းလိုက်တာပါ…. အခု အဲ့ koko.txt ကို ဖျက်ပါပြီ….
Code:
del C:\koko.txt
သူလည်းပဲ 1 file(s) copied လိုစာတန်း မပေါ်ပါဘူး ဒါပေမယ့် ဒီ del ကော်မန်းက ကျယ်ပြန့်ပြီး တစ်အား အသုံးဝင်ပါတယ်…. နောက်ပိုင်းမှာ ဒီဟာကိုပဲ အသေးစိတ် သေချာ ထပ်လေ့လာကြပါအူးမယ်….
Changing path
ဒီတစ်ခါ လျောက်သွားကြပါမယ် မန်းလေးတို့  ဘာတို့  ပေါ့ ဟီးဟီး သွားချင်တာ ပြောတာ …. Cmd နဲ့  ကွန်ပျူတာထဲက ဖိုဒါတွေထဲ ၀င်တာထွက်တာ ဖိုဒါတွေထဲ ဘာဖိုင်တွေ ရှိလည်း ကြည့်တာ စသဖြင့် လေ့လာကြပါမယ်…. စီအမ်ဒီ ကိုဖွင့်ဖွင့်ချင်းဆို C:\Users\username> ဖြစ်နေပါလိမ့်မယ် username ကတော့ ဘရားသားတို့  ပေးထားတဲ့ နာမည်ပေါ့…. အဲ့တော့ အခုလက်ရှိ C: အောက်က Users ဆိုတဲ့ ဖိုဒါ အောက်က username ဆိုတဲ့ ဖိုဒါထဲမှာ ရောက်နေပါတယ်…. အဲ့နေရာကနေ D: ကို သွားချင်တယ်ဆို D: လို့ ပဲ ရိုက်လိုက်ပါ D: ထဲ ရောက်သွားပါလိမ့်မယ်…. အဲ့တော့ D: ထဲမှာ ဘာဖိုဒါတွေ ဖိုင်တွေ ရှိလည်း သိချင် dir လို့  ရိုက်လိုက်ပါ…. D: အောက်မှာ ရှိတဲ့ ဖိုဒါတွေနဲ့  ဖိုင်တွေ ပြပါလိမ့်မယ်…. အဲ့မှာ ဒေါင်လိုက် အတန်းလေး ငါးတန်း ပါတယ်ဗျ ပထမ အတန်းနဲ ဒုတိယ အတန်းက ဖိုင်ကို ထိတွေ့ ခဲ့တဲ့ အချိန်တွေ နာရီတွေပါ…. အဲ့ဒါ အသုံးမလိုပါဘူး တတိယ အတန်းကတော့ အသုံးလိုပါတယ်…. အဲ့ အတန်းမှာ <DIR> ဆိုတာတွေကို တွေ့ မှာပါ… တစ်ချို့  နာမည်တွေမှာ ပါပြီး တစ်ချို့  ကျ မပါပါဘူး …. <DIR> ပါတာက ဖိုဒါတွေ ဖြစ်ပြီး မပါတာတွေက ဖိုင်တွေ ဖြစ်ပါတယ်…. နောက်ဆုံးကတော့ ဖိုဒါ(သို့ မဟုတ်)ဖိုင် ရဲ့ နာမည်ပါ… ကျွန်တော်ကြည့်လိုက်တော့ D: အောက်မှာ love ဆိုတဲ့ ဖိုဒါလေး ရှိတယ်ဗျ…. ဘာပါလည်းး သိချင်တာနဲ့  ၀င်ကြည့်ပါမယ်….
Code:
cd love
လို့  ရိုက်လိုက်ပါတယ်…. ဒါဆို ဖိုဒါထဲ ရောက်သွားပါပြီ ဘေးက အတန်းလေးက D:\love> လို့ ဖြစ်သွားတာကို သတိထားမိလား သိဝူး …. အဲ့ဒါလေးက ကိုယ်ရောက်နေတဲ့ နေရာကိုပြတာပါ…. အခုလောလောဆယ်တော့ D:\love ဖိုဒါထဲ ရောက်နေပါတယ်တဲ့ ဒါဆို ဘာရှိလည်း ကြည့်ပါတော့မယ် dir ရိုက်လိုက်ပါတယ်…. ဘာမှ မရှိပါဘူး ဟီး ပုံတစ်ပုံပဲ ပါတယ် ခိခိ…. ပန်ထွက်ပါတော့မယ် ဘာမှ ချိတ်ဝင်စား စရာ မပါဘူး….
Code:
cd ..
လို့  ရိုက်လိုက်ပါတယ်…. D:> ကို ပြန်ရောက်သွားပါပြီ…. cd နဲ့  အစက်နှစ်စက် ကြားမှာ စပေလေး တစ်ခါခြားပါတယ်…. ကိုယ်ရောက်နေတဲ့ ဖိုဒါထဲက နောက်ကို ပြန်ထွက်ချင် cd .. ကို သုံးရပါတယ်…. နောက်ပြန်ထွက်တဲ့ ကော်မန်းက နောက်ထပ် ရှိသေးတယ်ဗျ…. ဒါလေးပဲ သုံးဖို့  အကြံပေးပါတယ် linux OS တွေမှာလည်း ပြန်ထွက်တာကို ဒီကော်မန်းလေးပဲ သုံးတာမို့  linux အတွက်ပါ အဆင်ပြေသွားတာပေါ့ biggrin ကိုယ်က သွားရမယ့် နေရာကို အတိအကျ သိထားရင် တောက်လျောက် သွားလို့  ရပါတယ် ဥပမာပေါ့ D:\general\ebook\tutorials\ ကိုသွားမယ်ဆိုပါစို့ ဒါဆို ဘရားသားက အခုဘယ်ပဲ ရောက်နေနေ
Code:
cd D:\general\ebook\tutorials\
လို့ သာ ရိုက်လိုက်ပါ… ဟက်စကီး စီးပြီး ရောက်သွားလိမ့်မယ် တိုက်ရိုက် ခိခိ…. အခုဆို ၀င်တတ်ပြီ ဘာတွေ ရှိလည်း ကြည့်တတ်ပြီ ထွက်တတ်ပြီ ဟက်စကီးနဲ့  ဒိုးတတ်ပြီ စုံတော့ စုံနေပါပြီ တစ်ခုပဲနည်းနည်း ထပ်ပြောစရာ ကျန်လော့တယ် တစ်ကယ်လို့ များ ဘရားသားက ဖိုဒါတစ်ခုထဲ ၀င်လိုက်တယ် ဘာရှိလည်း သိချင်လို့  dir ဆိုပြီး ရိုက်လိုက်မယ် အဲ့မယ် ကွန်ပူတာပါ ခဏဟန်းသွားလောက်အောင် ဖြစ်သွားစေမယ့် ဖိုဒါတွေ ရှိပါလယ် ဟီးဟီး ရှုပ်သွားလား သိဘူး ဖိုဒါထဲမှာ ဖိုင်တွေ များလွန်းတော့ dir ခေါ်ကြည့်လိုက်ရင် ဖိုင်တွေ တစ်ဗြုတ်ကြီး ပေါ်လာတာ ဝေါခနဲပဲ အဲ့တော့ ဝေါခနဲ ပေါ်လာရင် ဘာတွေရှိလည်း ကိုယ်ကြည့်တော့လည်း အဆင်မပြေတော့ဘူး စက်အတွက်လည်း များလွန်းတော့ ပြရတာ ကြာနေပါတယ်…. စာအုပ်ဖတ်သလို တစ်မျက်နှာချင်းစီ လှန်ဖတ်ရရင်တော့ အဆင်ပြေတယ်နော် ဟီးဟီး ပူနဲ့  အဲ့လို ကြည့်လို့ ရတယ် ဖိုင်တွေကို တစ်မျက်နှာစာ ကြည့်လိုက် နောက်တစ်မျက်နှာကြည့်ချင် အန်းတားလေးခေါက်လိုက်နဲ့  အေးဆေး ကြည့်သွားလို့  ရပါတယ်… အဲ့လို ကြည့်ချင်ရင်
Code:
dir /p
လို့  ရိုက်ပါ…. စမ်းချင်ရင် C:\Windows\System32 ထဲကိုသွားပြီးစမ်းကြည့်ပါ…. ပုံမှန်တော့ /p ကို မလိုပါဘူး ဖိုင်များမှသာ သုံးရမှာပါ….
Creating folder
ဖိုဒါ တစ်ခုကို cmd ထဲမှာ ဘယ်လို တည်ဆောက်မလည်း လုပ်ကြည့်ကြအုန်းစို့  ဖိုဒါ အသစ် လုပ်ချင်တဲ့ နေရာကိုသွားလိုက်ပါ…. ကျွန်တော်ကတော့ D: အောက်မှာပဲ လုပ်မှာမို့  D: ကိုသွားပါပြီ…. booter ဆိုတဲ့ နာမည်နဲ့  ဖိုဒါ အသစ်တစ်ခု လုပ်ပါပြီ….
Code:
mkdir booter
အဲ့လို ရိုက်လိုက်တာနဲ့  booter ဆိုတဲ့ ဖိုဒါလေး D: အောက်မှာ ရောက်နေပါပြီ…. မယုံရင် dir လုပ်ကြည့်လေ ဟီးဟီး အူးယေးတို့ လည်း ဒါတွေ ကျွမ်းနေပြီပဲကို နောက်ပိုင်းဆို တား တောင် လိုမယ် မထင်တော့ဘူး …. ဖိုဒါ အသစ် တစ်ခု လုပ်ဖို့  နောက်ထပ် ကော်မန်းတွေ ရှိပါသေးတယ် ဒီ mkdir က linux မှာလည်း သုံးတာမို့  ဒါပဲ သုံးဖို့  အကြံပေးပါတယ်….
Title
Cmd ရဲ့ ခေါင်းစဉ်ကို ပြောင်းလို့  ရပါတယ် ပုံမှန်ဆို C:\Windows…… ဆိုပြီး ရှိပါတယ် အဲ့နေရာမှာ ကိုယ်ကြိုက်ရာ စာသားပြောင်းလို့  ရပါတယ် ကျွန်တော်က booter ဆိုပြီး ပြောင်းပါ့မယ် ရေးရမှာက ဒီလိုလေးပါ….
Code:
title booter
ဒါဆို ခေါင်းစဉ်က booter လို့  ဖြစ်သွားပါပြီ….
Clear screen
ကျွန်တော်တို့ cmd ထဲကနေ ဟိုထဲဝင် ဒီထဲဖျက် ဟိုဟာ ကူးလိုက် ဒီဟာရွေ့ လိုက် အစုံကို လုပ်ကြပါတယ် လုပ်ရင်းနဲ့  စီအမ်ဒီ ထဲမှာ ကော်မန်းတွေ များလာပြီ ဆို အကုန်ရှင်းပစ်လို့  ရပါတယ် cls လို့  သာ ရိုက်လိုက်ပါ အကုန် ပျောက်ပြီး အသစ်ဖွင့်ထားသလို ပြန်ဖြစ်သွားပါလိမ့်မယ်….
Prompt design
Prompt ဆိုတာ စီအမ်ဒီမှာ အမြဲ ပေါ်ပေါ်နေတဲ့ ဘယ်ဘက်က အတန်းလေးကို ပြောတာပါ ရှုပ်သွားလား သိဘူး C:\Users\username> ဆိုပြီးဖြစ်နေရင် အဲ့ဒီဟာလေးကို Prompt လို့  ခေါ်ပါတယ် prompt ကတော့ အမြဲတမ်း ကိုယ်ရောက်နေတဲ့ ဖိုဒါကိုပဲ ပြလေ့ရှိပါတယ် ဥပမာ D: အောက်က love ထဲမှာဆို Prompt က D:\love> လို့ ဖြစ်နေပါတယ်…. အဲ့ prompt ကို ကိုယ့်နာမည်တို့  ဘာတို့  ပြောင်းထားလို့ ရပါတယ်… ဥပမာပေါ့ ဘယ်ဖိုဒါသွားသွား Prompt လေးက booter> လို့ ပဲဖြစ်နေစေချင်ရင် ဒီလိုလေး ရိုက်ကြည့်လိုက်ပါ….
Code:
prompt booter $g
ဒါဆို ပြောင်းသွားတာကို မြင်ရမှာပါ > နေရာမှာမှ < တို့  $ တို့  လုပ်လို့  ရပါသေးတယ်…. < ဖြစ်စေချင် prompt booter $l လို့  ရေးရမှာပါ…. Prompt ကတော့ ပုံသေပဲ booter နေရာမှာ ပေါ်စေချင်တဲ့စာထည့် $g နေရာမှာ ပေါ်စေချင်တဲ့ ပုံရဲ့ ကုဒ်ကို ထည့်…. ဒါပါပဲ အောက်မှာ $g တို့ လို ကုဒ်မျိုးတွေပြထားပါတယ်….
Code:
$A & (Ampersand)
$B | (pipe)
$C ( (Left parenthesis)
$D Current date
$E Escape code (ASCII code 27)
$F ) (Right parenthesis)
$G > (greater-than sign)
$H Backspace (erases previous cha
$L < (less-than sign)
$N Current drive
$P Current drive and path
$Q = (equal sign)
$S (space)
$T Current time
$V Windows XP version number
$_ Carriage return and linefeed
$$ $ (dollar sign)
စိတ်ကူးရှိသလို လုပ်ကြည့်ပါ ….
Previous commands
စီအမ်ဒီထဲမှာ ကော်မန်းတွေ သုံးရင်း သုံးရင်း များလာပါတယ်…. တစ်ခါ တစ်ခါတော့လည်း မှားပြီး လုပ်မိပါတယ်…. ဘယ်လိုပဲဖြစ်ဖြစ် အရင်သုံးခဲ့တဲ့ ကော်မန်းတွေကို ပြန်သုံးချင် ကီးဘုတ်က အပေါ်ထောင်နေတဲ့ မျှားလေး(up arrow)ကို နှိပ်လိုက်ပါ ဒါဆို အရင် သုံးခဲ့တဲ့ ကော်မန်းတွေ တစ်ခုစီ ပေါ်လာမှာပါ တစ်ချက်ကို တစ်ခု ပေါ်ပါတယ်….
Date and Time
အခု လက်ရှိ နေ့ စွဲကို သိချင် date ကော်မန်းကို သုံးပြီး စီအမ်ဒီကနေ ကြည့်လို့  ရပါတယ်…. date လို့  ရိုက်လိုက်ရင် ပထမဆုံး လက်ရှိ ဒိတ်ကို ပြပါမယ် နောက် enter the new date ဆိုပြီး ပေါ်နေပါတယ် ဒိတ်ကို ပြောင်းမယ်ဆို အဲ့မယ် ထည့်ပေးလိုက်ရင် စီအမ်ဒီကနေ ဒိတ်ပြောင်းလို့  ရပါပြီ ဒါမှမဟုတ် ကိုယ်က ဒိတ်ပဲ သိချင်တာ အဲ့ဒီ enter the new date ကို မပေါ်စေချင်ရင်
Code:
date /t
လို့  ရိုက်လိုက်ပါ ဒါဆို အခု လက်ရှိ ဒိတ်ကိုပဲ ပြမှာပါ…. အချိန်ကို သိချင်လည်း တူတူပါပဲ
Code:
time /t
လို့  ရိုက်လိုက်ပါ အခု လက်ရှိ အချိန်ကို ပြမှာပါ…. အချိန်ကို စီအမ်ဒီထဲကနေ ပြောင်းမယ်ဆိုရင်တော့ time ကို ရိုက်ပေးလိုက်ပါ ဒါဆို အခု လက်ရှိ အချိန်ကိုပြပြီး ပြောင်းမယ့် အချိန် အသစ်ကို ရိုက်ခိုင်းပါလိမ့်မယ်…. ဒီလောက်ဆို နေ့ စွဲ နဲ့  အချိန်ကို ကြည့်တတ် ပြင်တတ်လောက်ပါပြီ…
Autocomplete
အပေါ်မှာ ပြောခဲ့ပါတယ်…. နေ့ စွဲ ပြောင်းချင်ရင် date လို့  ရိုက်ပြီး အချိန် အသစ်ကို ပြောင်းပေးရတယ်လို့ …. အကယ်ရွေ့  date ကို ရိုက်တယ် ပြီးတော့ ပြောင်းချင်တဲ့ အချိန်ကို ရိုက်တယ် အဲ့လို နှစ်ခု မလုပ်ချင်တစ်ခါတည်း date ကို ရိုက်လိုက်တာနဲ့  ပြောင်းချင်တဲ့ အချိန် အသစ်ကို auto ဖြည့်ပေးအောင် လုပ်လို့  ရပါတယ်…. ဥပမာပေါ့ 2.21.2014 ကို ပြောင်းချင်တယ်ဆိုပါတော့  ဒီလို ရိုက်လိုက်ပါ…
Code:
echo 2.21.2014 | date
ဒါဆို ဒိတ် ပြောင်းသွားမှာပါ… ဒိတ်ကို ရေးရင် လ အရင် ရေးပါပြီးမှ ရက်ရေး ပြီးမှ ခုနှစ်ရေးပါ… ဒုတ်ချောင်းလေး ထောင်ထားတာက အန်းတား အပေါ်က ကီးကို shift နဲ့  တွဲနှိပ်လိုက်ပါ…. echo ရယ် | လေးရယ်ကို သုံးပြီး ကိုယ့်ဖြည့်ပေးရမယ့် နေရာတွေမှာ အော်တို ဖြည့်ခိုင်းလို့  ရပါတယ်…. Echo နဲ့ | ကြားကတော့ ဖြည့်ရမယ့် စာလုံးကို ရေးပေးလိုက်ပေါ့…. Time ကိုလည်း ဒီနည်းအတိုင်း စမ်းပြောင်းကြည့်ပါ….
Message
ဘက်ဖိုင်ရေးတဲ့အခါ ဖိုင်ကို ဖွင့်လိုက်တဲ့ သူကို Popup window လေးနဲ့  စာတန်းလေး တစ်ခု ပေါ်လာစေချင် ဒီလို ရေးရပါတယ်….
Code:
msg * This is message!
အဲ့ဒါလေးကို cmd ထဲမှာပဲ ဖြစ်ဖြစ် batch ဖိုင်ထဲမှာပဲ ဖြစ်ဖြစ် ရိုက်ကြည့်လိုက်ပါ လေးထောင့်ကွက်လေးနဲ့  စာတန်းလေး ပေါ်လာမှာပါ….
Shutdwon, restart, logoff
Cmd ဒါမှမဟုတ် batch file ကနေ ကွန်ပျူတာကို shutdown, restart, logoff စတာတွေ လုပ်လို့  ရပါတယ်…. အရင်ဆုံး စီအမ်ဒီကနေ ရှက်ဒေါင်းလုပ်ကြပါမယ်….
Code:
shutdown /s
အဲ့ဒီဟာလေးကို စီအမ်ဒီကနေ ရိုက်လိုက်ရင် တစ်မိနစ်ပြည့်တာနဲ့  သူ့ ဘာသာ ရှက်ဒေါင်းဖြစ်သွားမှာပါ… အကယ်ရွေ့  စိတ်ကူး ပြောင်းသွားလို့  ရှက်ဒေါင်း မလုပ်ချင်တော့ရင် စီအမ်ဒီကပဲ ဒီလိုလေး ရိုက်လိုက်ပါ….
Code:
shutdown/a
ဒါဆို ရှက်ဒေါင်းလုပ်တာကို ပြန်ဖျက်လိုက်တာပါ…. အကယ်ရွေ့  ရှက်ဒေါင်းကို တစ်မိနစ်တွင်း မကျစေချင်ဘူး နောက် နာရီဝက်လောက်နေမှ ကျစေချင်တယ်ဆိုလည်း ရပါတယ်…. ညဘက်ကြီး ဒေါင်းလုတ်ဆွဲနေတယ် ဖိုင် တစ်ခုခုကို…. သူကလည်း မပြီးသေးဘူး ကိုယ်က တော်တော် ငိုက်နေပြီဆို သူပြီးလောက်တဲ့ အချိန်ကို မှန်းပြီး ရှက်ဒေါင်းလုပ်ခိုင်းထားလို့  ရပါတယ်…. အခု နောက် နာရီဝက်ပြည့်တာနဲ့  ရှက်ဒေါင်းကျအောင် ဒီလိုလေး ရိုက်လိုက်ပါတယ်….
Code:
shutdown /s /t 1800
ဒါဆို နာရီဝက်ပြည့်သွားရင် ရှက်ဒေါင်းဖြစ်သွားပါလိမ့်မယ်…. /t 1800 ဆိုတာ ကိုယ်ရှက်ဒေါင်းကျစေချင်တဲ့ အချိန်ကို ပြောတာပါ… သူက စက္ကန့် နဲ့ ပဲ ပြောရပါမယ်…. ဒါကြောင့် စက္ကန့်  ၁၈၀၀ ဆိုတော့ နာရီဝက်ပါ…. အခုချက်ချင်းကို ရှက်ဒေါင်းဖြစ်သွားစေချင်ရင်တော့ /t 00 ပေါ့ဗျာ…. အခုဆို ရှက်ဒေါင်းအပိုင်းတော့ တော်တော်စုံ သွားပါပြီ…. Logoff လုပ်ချင်ရင်တော့ ဒီလိုလေးပါ….
Code:
shutdown /l
ဒါဆို Logoff ဖြစ်သွားပါပြီ restart ဖြစ်သွားစေချင်ရင်တော့
Code:
shutdown /r
ဒါဆို restart ဖြစ်သွားပါလိမ့်မယ်…. အခုက စီအမ်ဒီထဲက လုပ်တာပေါ့ batch file ထဲက ဆိုလည်း ဒီတိုင်းပါပဲ cmd မှာ ရေးသမျှ ကော်မန်း အားလုံးကို ဘက်ဖိုင်ထဲမှာ ထည့်ရေးလို့  ရပါတယ်….
Run commands
Run commands တွေကို cmd ကနေ ရိုက်လို့  ရပါတယ်…. ဥပမာပေါ့ run မှာ notepad လို့  ရိုက်လိုက်ရင် notepad program ပွင့်လာပါတယ်…. အဲ့ဒါကို စီအမ်ဒီမှာ notepad လို့  ရိုက်ရင်လည်း နုတ်ပက် ပွင့်ပါတယ်…. အလားတူပဲ run မှာ regedit လို့  ရိုက်ရင် registry editor ပွင့်ပါတယ်…. စီအမ်ဒီမှာ ရိုက်လည်း registry editor ပွင့်ပါတယ်…. အောက်မှာ အသုံးများတဲ့ run command တွေကို ပြထားပါတယ် အသုံးလိုတဲ့ အခါ ထည့်သွင်း အသုံးချနိုင်ပါတယ်….
Quote:cmd>>Command prompt
notepad>>notepad
regedit>>Registry editor
gpedit.msc>>Group policy editor
msconfig>>System configuration
services.msc>>Windows services
control>>Control panel
devmgmt.msc>>Device manager
dfrg.msc>>Disk Defragmenter
Cleanmgr>>Disk cleanup
diskmgmt.msc>>Disk management
mspaint>>Paint
explorer>>Windows explorer
calc>>calculator
အပေါ်က run command တွေက တစ်ကယ်ကို အသုံးဝင်ပြီး သိကို သိထားသင့်တဲ့ဟာတွေပဲ ဖြစ်ပါတယ်…. အားလုံးကို တစ်ခုချင်းစီ ဖွင့်ကြည့်ပြီး လေ့လာကြည့်ပါ….
Dealing with users
ကျွန်တော်တို့  ကွန်ပျူတာ သုံးတဲ့အခါ အကောင့်တွေ ခွဲထားလို့  ရပါတယ်…. အခု စီအမ်ဒီကနေ ယူဇာ အသစ်တွေ ပြုလုပ်တာတို့  အခုလက်ရှိ ယူဇာ ဘယ်နှစ်ယောက် ရှိလည်း ကြည့်တာတို့  ရှိပြီးသား ယူဇာထဲက မလိုတဲ့ ယူဇာတွေကို ပြန်ဖျက်တာတို့  စသဖြင့် လုပ်ကြပါမယ်…. ပထမဆုံး ကိုယ့်စက်မှာ ယူဇာ ဘယ်နှစ်ခု လုပ်ထားလည်း စကြည့်ပါမယ်…. ဒါလေးကို ရိုက်လိုက်ပါ….
Code:
net users
ကော်မန်းကို ရိုက်လိုက်ရင် User accounts for \\computername ဆိုပြီး သူ့ အောက်မှာ အကောင့်တွေ ပြထားပါလိမ့်မယ်…. အဲ့မှာ ကျိန်းသေပါမယ့် အကောင့်ကတော့ နှစ်ခု ရှိပါတယ် Administratr နဲ့  Guest ဆိုပြီးတော့ပါ အဲ့နှစ်ခုကတော့ ၀င်းဒိုးစတင်ကတည်းက သူ့ ဘာသာ built-in ပါလာတာပါ…. အဲ့နှစ်ခုကို ဖယ်ပြီး ကြည့်လိုက်ရင် ကျန်တာက ကိုယ့်ကွန်ပျူတာမှာပါတဲ့ ယူဇာ အကောင့်တွေပါပဲ…. အခုဆို အကာင့် ဘယ်နှစ်ခု ရှိလည်း ကြည့်တတ်ပါပြီ…. နောက်ထပ် အကောင့် အသစ် တစ်ခု တည်ဆောက်တာကို ဆက်သွားကြပါမယ်….
Code:
net user booter password /add
အပေါ်က ကော်မန်းလေးကို ရိုက်လိုက်ရင် The command completed successfully. ဆိုပြီး ပေါ်လာပါလိမ့်မယ်…. ဒါဆို ယူဇာ အသစ် တစ်ခု ဖန်တီးပြီးသွားပါပြီ…. ယူဇာ နာမည်က booter ပါ သူ့ ရဲ့ ပက်စဝေါ့ကတော့ password ပါ…. ယူဇာ အသစ်တစ်ခု လုပ်ချင်ရင် net user လို့ ရေးပါ ပြီးရင် နာမည် နဲ့  ပက်စဝေါ့ကို စပေ့ခြားပြီး ရေးလိုက်ပါ…. နောက်ဆုံးက /add လေးခံပေးလိုက်ရင် အကောင့်တစ်ခု ဖန်တီးပြီး သွားပါပြီ…. ရှိမရှိ သေချာ သိချင် net users လို့ ရိုက်ကြည့်လိုက်ပါ…. ဒါဆို အကောင့်တစ်ခုကို ဖန်တီးတတ်ပါပြီ…. အကောင့်တစ်ခု လုပ်ရင် သိထားရမှာက အကောင့် အမျိုးအစား(type) နှစ်မျိုး ရှိပါတယ်…. ststandard user နဲ့  administrator ဆိုပြီးတော့ standard user က သီချင်းနားထောင်ရုံ အင်တာနက်သုံးရင် စာစီစာရိုက်ရုံဆော့ဝဲလ်တွေ သုံးရုံ စသဖြင့်ရပါတယ်…. ဒါပေမယ့် သူက နောက်ထပ်ဆော့ဝဲလ်တွေ အင်စတောလုပ်ခွင့် မရှိဘူး ၀င်းဒိုး setting တွေကိုလည်း ပြောင်းလဲခွင့်မရှိပါဘူး…. Administrator account ကတော့ အကုန် လုပ်လို့  ရပါတယ်…. အဲ့ဒါလေး ကွာပါတယ်…. ခုန ကျွန်တော်တို့  လုပ်လိုက်တဲ့ အကောင့်က standard user ပဲ ရှိပါသေးတယ်…. သူ့ ကို administrator အဆင့်ဖြစ်စေချင်ရင်တော့ နောက်ထပ် ကော်မန်းတစ်ခု သုံးရပါအုန်းမယ်…. ဒါလေးပေါ့
Code:
net localgroup administratos booter /add
ဒါဆိုရင်တော့ သူက administrator အဆင့်ဖြစ်သွားပါပြီ…. သူ့ ကို administrator အဆင့် မပေးချင်တော့ဘူး standard user ပဲပြန်ဖြစ်စေချင်ရင်လည်း ရပါတယ်….
Code:
net localgroup administrators booter /delete
ဒါဆို သူ့ ကို administrtors group ထဲက ထုတ်လိုက်မှာပါ…. အကောင့်သစ် ဖန်တီးတဲ့ အပိုင်းကိုတော့ အဆင်ပြေသွားပြီ ထင်ပါတယ်…. အခု အကောင့် တစ်ခုချင်းစီနဲ့  ပတ်သတ်တဲ့ information ကို ဘယ်လို ကြည့်ရမလည်းလို့  လေ့လာကြပါမယ်….
Code:
net user booter
အဲ့ဒါလေးကို ရိုက်လိုက်ရင် booter ဆိုတဲ့ အကောင့်ရဲ့ Information တွေ ကြည့်လို့  ရပါပြီ…. အဲ့ဒီမှာ ပက်စဝေါ့ ဘယ်တုန်းက ချိန်းခဲ့တာတို့  ဘယ်တော့ expire ဖြစ်မလည်းတို့  ( password ကို တစ်လနေရင် တစ်ခါ ချိန်းပါ ဆိုပြီး setting လုပ်ထားလို့  ရပါတယ် ဒါဆို တစ်လပြည့်တိုင်း ပက်စဝေါ့ တစ်ခါ ချိန်းရမှာပါ….) စသဖြင့် အကုန်ပါပါတယ် စာတွေ လိုက်ဖတ်ကြည့်ပါ…. တစ်ခု သတိထားစေချင်တာက ဟိုးအောက်ဆုံးက Local group memberships ဆိုတာလေးကို အဲ့ဒီဟာလေး ဘေးကို ကြည့်လိုက်ပါ…. Users လို့  ဖြစ်နေရင် အဲ့ အကောင့်က standard user အကောင့်ပါ…. အကယ်ရွေ့  administrators လို့  ဖြစ်နေရင်တော့ အဲ့အကောင့်က administrator အကောင့်ပါ….အခု အကောင့် ဖျက်တာကိုလေ့လာကြပါမယ်…. ဒါလေးကို ရိုက်လိုက်ပါ….
Code:
net user booter /delete
ဒါဆို booter ဆိုတဲ့ အကောင့်ပျက်သွားပါပြီ ကွန်ပျူတာထဲကနေ လွယ်လွယ်လေးပါ…. ကိုယ့်အကောင့်ရဲ့ ပက်စဝေါ့ကို ဘယ်လို ချိန်းရမလည်းလို့  လေ့လာကြပါမယ်…. ကျွန်တော့်အကောင့် နာမည်က booter ဆိုပါစို့  ဒါဆို ဒီလို ချိန်းရပါမယ်….
Code:
net user booter *
ဒါဆို ပက်စဝေါ့ကို ရိုက်ခိုင်းပါလိမ့်မယ် ပေးချင်တာသာ ရိုက်လိုက်ပါ…. ဘာမှ မပေးချင်ရင်တော့ ဒီတိုင်းပဲ အန်းတားခေါက်လိုက်ပါ…. ပက်စဝေါ့ မထားပဲ သုံးတာပေါ့…. အကယ်ရွေ့  တစ်ခါတည်း တန်းပြောင်းချင် ဒီလိုလည်း သုံးလို့  ရပါတယ်….
Code:
net user booter password
ဒါဆို ပက်စဝေါ့က password ဖြစ်နေမှာပါ…. အခု အကောင့်တွေနဲ့  ပတ်သတ်လို့  အသစ်လည်း လုပ်တတ်ပြီ ပြန်လည်း ဖျက်တတ်ပြီ ပက်စဝေါ့လည်း ချိန်းတတ်ပြီ…. စုံလောက်ပါပြီ biggrin
Environment variables
Environment variables ဆိုတာ အချက်အလက် တစ်ချို့ ကို operation system က သတ်မှတ်ပေးထားတဲ့ အမှတ်အသား လေးတွေပါ…. ဥပမာပေါ့ ကျွန်တော်တို့  အခုသုံးနေတဲ့ ၀င်းဒိုးတင်ထားတဲ့ နေရာကို သွားချင် ပုံမှန်ဆို C:\Windows ကိုသွားရမှာပါ…. ဒါပေမယ့် သူ့ ကို environment variable နဲ့  သွားချင် %systemroot% နဲ့  သွားလို့  ရပါတယ်…. ပိုရှင်းသွားအောင် စီအမ်ဒီမှာ ဒါလေး ရိုက်ကြည့်ပါ….
Code:
cd %systemroot%
ဒါဆို C:\Windows ကိုရောက်သွားမှာပါ…. Environment variable တွေ အများကြီး ရှိပါသေးတယ် နောက်တစ်ခု ပြရရင်
Code:
cd C:\Users\%username%
ဒါဆို အခု လက်ရှိ သုံးနေတဲ့ အကောင့်ရဲ့ ဖိုဒါထဲ ရောက်သွားမှာပါ…. %username% ဆိုတာက အခုလက်ရှိ သုံးနေတဲ့ အကောင့်ရဲ့ နာမည်ကို environment variable လုပ်ထားတာပါ…. Environment variable တိုင်းကို % % ကြားထဲမှာ ထားပါတယ်…. OS မှန်သမျှမှာ သူ့ ကိုယ်ပိုင် environment variables ရှိပါတယ်…. Linus os တွေမှာလည်း သူတို့  environment variables တွေနဲ့  သူတို့  ရှိပါတယ်…. အသုံးဝင်တဲ့ environment variables တွေကို စုစည်းပေးထားပါတယ်….
Quote:%username%>>Username
%userprofile%>>User path( C:\Users\%username% )
%computername%>>Computer name
%RANDOM%>>Generat a random number
%systemroot%>>Windows directory
%time%>>Display time
%date%>>Display date
%temp%>>Temp foleder
System information
Cmd ထဲကနေ system info တွေကို ကြည့်လို့  ရပါတယ်…. Motherboard, RAM, CPU, BIOS, Network card အစရှိသဖြင့် တွေ့ ရမှာပါ….
Code:
systeminfo
ဒီကော်မန်းလေးကို ရိုက်လိုက်ရင် စာတန်းတွေ ကျလာမှာပါ အဲ့ဒီမှာ system manufacturer ဆိုတာ motherboard ထုတ်တဲ့ ကုမ္ပဏီကို ပြောတာပါ system model ဆိုတာက Motherboard မော်ဒယ်ကို ပြောတာပါ…. ကိုယ့်စက်အတွက် motherboard driver cd မရှိတော့လို့  driver ကို အင်တာနက်က ဒေါင်းလုတ်ဆွဲချင်တဲ့ အခါ motherboard မော်ဒယ်ကို သိဖို့  လိုပါတယ်….
Redirect output
ကျွန်တော်တို့  စီအမ်ဒီမှာ ကော်မန်းတွေ ရိုက်လိုက်တဲ့ အခါ ပေါ်လာမယ့် စာသားတွေကို စီအမ်ဒီမှာ မပေါ်စေချင်ပဲ တစ်ခြားဖိုင် တစ်ခုမှာ သွားပေါ်စေချင်ရင် လုပ်လို့  ရပါတယ်…. ဥပမာပေါ့ ကျွန်တော့်စက်ရဲ့ system info တွေကို text file တစ်ခုမှာ ပေါ်စေချင် ဒီလို ရေးလို့  ရပါတယ်….
Code:
systeminfo> C:\Users\%username%\Desktop\system.txt
ဒါဆို Desktop ပေါ်ကို သွားကြည့်လိုက်ပါ… system ဆိုတဲ့ နာမည်နဲ့  text file တစ်ခု ရောက်နေမှာပါ ဖွင့်ကြည့်လိုက်ပါ system information တွေကို ရေးထားမှာပါ…. အဲ့ထဲက စာတွေက systeminfo ကို စီအမ်ဒီမှာ ရိုက်လိုက်ရင် ပေါ်လာမယ့် စာတွေပါ.. စီအမ်ဒီမှာ မပေါ်စေပဲ တစ်ခြားဖိုင်မှာ သွားပေါ်စေတာပါ….
Exit
ကျွန်တော်တို့  စီအမ်ဒီမှာ ကွန်မန်းတွေ ရိုက်ပြီး လိုအပ်တာတွေကို လုပ်ကြပါတယ်…. နောက် စီအမ်ဒီကို ပိတ်ချင်တဲ့ အခါကျ အပေါ်က အနီရောင် ကြက်ခြေခတ်လေးကို နှိပ်ပိတ် ရပါတယ် ဒါပေမယ့် အဲ့လို မောက်စ် ကိုင်ပြီး မပိတ်ချင်ဘူးဆိုရင် စီအမ်ဒီထဲမှာ exit လို့  ရိုက်လိုက်ပါ…. သူ့ ဘာသာ ပိတ်သွားပါလိမ့်မယ်….
Task
Taskmanager ကိုတော့ သိကြမှာပါ… သူ့ ကို ဖွင့်လိုက်ရင် အခုလက်ရှိ ကွန်ပျူတာမှာ အလုပ်လုပ်နေတဲ့ process တွေကို ကြည့်လို့  ရပါတယ်…. အဲ့ဒါကို taskmanager မဖွင့်ပဲ cmd ထဲကပဲ process တွေကို ကြည့်ချင်ရင် ရပါတယ်….
Code:
tasklist
အဲ့ဒါကို ရိုက်လိုက်ရင် အခုလက်ရှိ အလုပ်လုပ်နေတဲ့ process တွေကို တွေ့ မှာပါ… အဲ့ဒီမှာ image name, pid စသဖြင့် ခေါင်းစဉ်တွေ အောက်မှာ process တွေရဲ့ information တွေကို ကြည့်နိုင်ပါတယ်…. process တစ်ခုခုကို ပိတ်ချင်ရင် လည်း ရပါတယ်…. ကိုယ်ပိတ်ချင်တဲ့ process ရဲ့ pid ကိုကြည့်လိုက်ပါ ဥပမာ သူ့ ရဲ့ Pid က 728 ဆိုပါစို့  ဒါဆို သူ့ ကို ဒီလို ပိတ်လိုက်လို့  ရပါတယ်….
Code:
taskkill /pid 728
ဒါဆို အဲ့ ပရောဆက် ပိတ်သွားမှာပါ…. Process တစ်ခုတည်း မဟုတ်ပဲ နှစ်ခုလောက်ကို တစ်ပြိုင်တည်း ပိတ်ချင်တယ်ဆိုလည်း ရပါတယ်… pid တွေကို ဒီလိုလေး ဆက်ပြီးရေးသွားပါ….
Code:
taskkill /pid 728 /pid 1040 /pid 1298
ဒါဆို သက်ဆိုင်ရာ process သုံးခုလုံး ပိတ်သွားမှာပါ…. Pid နဲ့  မပိတ်ချင်ဘူး image name နဲ့  ပိတ်ချင်တယ်ဆိုလည်း ရပါတယ်…. ဒီလိုလေးပေါ့….
Code:
taskkill /im notepad.exe
အဲ့ဒီ notepad.exe နေရာမှာ ကိုယ်ပိတ်ချင်တဲ့ Process ရဲ့ Image name ကိုသာ ရေးလိုက်ပါ…
Naming partition
ကျွန်တော်တို့  စီအမ်ဒီထဲကနေ ပါတစ်ရှင်း တွေကို နာမည်ပြောင်းလို့  ရပါတယ်….
Code:
label C: OS
ဒီလို ရေးလိုက်ရင် C: ရဲ့ နာမည်က OS လို့  ပြောင်းသွားမှာပါ…. တစ်ခြား D: တို့  E: တို့ ကို ပြောင်းချင်လည်း C: နေရာမှာ အစားထိုး ရုံပါပဲ…..
Creating variables
အခု variables တွေကို ဖန်တီး ကြည့်ကြပါမယ်…. Variable ဆိုတာ environment variables နဲ့  အတူတူပါပဲ ကိုယ့်ဘာသာ ဖန်တီးထားလို့ variable လို့ ပဲ ခေါ်တာပါ အခု ပထမဆုံး variable ကို ဖန်တီးပါမယ်….
Code:
set booter=male
ဒါဆို variable တစ်ခု ဖန်တီးလို့  ပြီး သွားပါပြီ မယုံရင် echo %booter% လို့  ရိုက်ကြည့်ပါ… male ဆိုပြီး ပေါ်လာပါလိမ့်မယ်…. Variable တွေကို ရေးတိုင်း ရေးတိုင်း အမြဲတမ်း %% ကြားခံရေးရပါမယ်…. booter နဲ့  male ဆိုတဲ့ စာလုံး နှစ်ခုကြားမှာ ကွာဟချက် သိပ်မရှိလို့ သာ variable ကို သဘောမပေါက်တာပါ အကယ်ရွေ့ များ Male နေရာမှာ စာလုံးရေ နှစ်ဆယ်လောက် ရှိတဲ့ စာကြောင်း တစ်ခုဆို ဘယ်လို လုပ်မလည်း ပရိုဂရမ် တစ်ပုဒ်ရေးရင် အဲ့ စာလုံး နှစ်ဆယ်ကို ထပ်ခါ ထပ်ခါ ရေးနေမှာလား ဘယ်ရေးမလည်း variable ပေးပြီး လေးလုံး လောက်ပဲ ရေးမှာပေါ့ အဟီး ကြံဖန်တွေးရင် တစ်လုံးတည်းတောင် ရေးလို့  ရသေး ဒီလိုပေါ့
Code:
set a=male
ဟီးဟီး ဒါဆို a တစ်လုံး ရေးရုံနဲ့  နောက်က စာလုံးနှစ်ဆယ်ကို မရေးရတော့ဘူးလေ နောက်ထပ် နောက်ထပ် စာလုံးတွေ များတာရှိရင်လည်း ဒီလို variable တွေ ပေးထားတော့ တစ်အားကို သက်သာပြီး အလုပ်လုပ်ရတာ ခရီးတွင်တာပေါ့ ဒါဆို variable သဘောကို မျက်လုံးထဲ မြင်ပြီထင်ပါတယ်…. နောက်ထပ် နောက်ထပ် ကိုယ့်ဘာသာ လေ့ကျင့်ရင်း ပိုပြီး ဥာဏ်ပွင့်လာမှာပါ…. အခု user တစ်ယောက်က ထည့်လိုက်တဲ့ Input တွေကို variable ဘယ်လို လုပ်မလည်းလို့  လေ့လာကြည့်ပါမယ်…
Code:
@echo off
set /p pass= type your password:
cls
echo Your password is %pass%.
Pause
ဒါလေးကို .bat နဲ့  သိမ်းလိုက်ပါ batch file တစ်ခုရေးလိုက်တာပေါ့ဗျာ.... ပထမဆုံး ပြောချင်တာက ဒီဘက်ဖိုင်လေးကို အရင် ဖွင့်ပြီး သုံးကြည့်လိုက်ပါ ပြီးမှ အောက်က ရှင်းပြထားတာကို ဖတ်ပေးပါ…. Set /p pass= ဆိုတာက user ထည့်မယ့် input ကို pass ဆိုတဲ့ variable အဖြစ် ပြုလုပ်ပါမယ် လို့  အဓိပ္ပာယ် ရပါတယ်…. နောက်က echo type your password: ကတော့ type your password: ဆိုတဲ့ စာတန်း ပေါ်လာစေဖို့ ပါ ဒါမှ ယူဇာက Input ထည့်မှာကိုး…. အခု ယူဇာက password ကို ရိုက်လိုက်တဲ့ အခါ pass ဆိုတဲ့ variable နဲ့  မှတ်လိုက်ပါပြီ… ပြီးတော့ echo Your password is %pass% ဆိုတဲ့ ကောမန်းလေးနဲ့  ယူဇာ ရိုက်လိုက်တာကို ပြန်ပြပေးလိုက်ပါတယ်…. အဲ့ဒီ ကော်မန်းလေးမှာ %pass% ဆိုပြီး variable ကို ယူသုံးထားပါတယ်…. cls ဆိုတာက ပြောပြခဲ့ပြီးပါပြီ clear screen ပါ အရင်က စာတန်းတွေ ကို ဖျောက်ပစ်ပြီး စကရင်ကို ရှင်းနေအောင် လုပ်လိုက်တာပေါ့ …. ဒီနေရာမှာ set /p pass= type your password: ဆိုပြီး set နဲ့  type your password ကို တစ်ကြောင်းတည်း ရေးလို့  ရလို့ လားဆိုပြီး မေးစရာ ရှိပါတယ်…. အဖြေက ရသည်ပေါ့…. အဲ့လို ရေးလို့  ရမှလည်း ယူဇာကို တစ်ခုခု ထည့်ခိုင်းလို့  ရမှာပေါ့…. တစ်ခု သတိထားရမှာက environment
(This post was last modified: 07-02-2013 10:44 PM by Thwet.)
07-02-2013 09:45 PM
Message Website Find Posts Reputation Quote Thanks Quote this postMultiquote Report
Thwet Offline
MSF Respected
*****
Respect
Posts: 74
Joined: Jun 2013
Reputation: 62
Thanks: 20
Given 1 thank(s) in 1 post(s)
Coins: 65 Kyats [Donate]
Windows ProGiftBash/Batch ProRespect
Post: #2
RE: [tuto] Learning cmd commands [tuto]
If statement
အခု If ကော်မန်းကို လေ့လာကြပါမယ်…. If က conditional statement ပါ… အခြေအနေ တစ်ခုဖြစ်ရင် အခြေအနေတစ်ခု လုပ်ပါ ဆိုတဲ့ နေရာတွေမှာ သုံးပါတယ် ဥပမာပေါ့ C:\Windows\System32\mgy.exe ဆိုတဲ့ဖိုင်ရှိရင် အဲ့ဖိုင်ကို ဖျက်ပစ်ပါ ဆိုပြီး If ကို အသုံးပြုရပါမယ် ဒီလိုလေးပေါ့…..
Code:
@echo off
if exist C:\Windows\System32\mgy.exe (
delC:\Windows\System32\mgy.exe
echo MGY.exe was found.So, I deleted this.It's a virus.
) else (
echo MGY.exe was'nt found.It' OK! :D
)
pause
ဒါလေးကို လေ့လာကြည့်ရင် If exist ဆိုတာ ရှိရင်လို့ ဆိုလိုတာပါ C:\....\mgy.exe ဆိုတဲ့ ဖိုင်ရှိရင် del C:\....\mgy.exe ဆိုပြီး အဲ့ဖိုင်ကို ဖျက်ခိုင်းပါတယ်…. ဖျက်ပြီးတာနဲ့  ယူဇာကို ဖျက်ပြီးကြောင်း echo နဲ့  ပြောပြလိုက်ပါတယ်…. သူ့ အောက်က else ဆိုတာကတော့ အပေါ်က If statement မမှန်ခဲ့ရင် လို့  အဓိပ္ပာယ် ရပါတယ် အကယ်ရွေ့ များ Mgy.exe ဆိုတာ မရှိခဲ့ရင် မရှိကြောင်း မက်ဆေ့ခ်ျကို ပြမှာပါ…. နားလည်လား မသိဘူး သေချာ ဖတ်ကြည့်ပါ ကိုယ့်ဘာသာ စမ်းရေးကြည့်ပါ… အဲ့ဒီမှာ ကွင်းစ ကွင်းပိတ်လေးတွေကို သတိထားမိလား မသိဘူး.. If exist C:\....\mgy.exe ပြီးရင် ကွင်းစပါတယ် del…. နဲ့  Echo ပြီးရင် ကွင်းပိတ် ပါတယ်…. Mgy.exe ရှိရင် အဲ့ကွင်းထဲက ကော်မန်းတွေကို အလုပ်လုပ်ပါမယ်…. မရှိရင်တော့ else နောက်က ကွင်းထဲက ကော်မန်းတွေကို အလုပ်လုပ်မှာပေါ့.biggrinအပေါ်မှာတုန်းက if exist ဆိုတာ ရှိရင်လို့  အဓိပ္ပာယ် ရတယ်လို့  ပြောဖူးပါတယ် အကယ်ရွေ့  if note exist ဆိုရင်တော့ မရှိရင်ပေါ့ဗျာ ဒါလေးလည်း စမ်းပြီး လေ့ကျင့်ကြည့်ပါ ပိုကျွမ်းသွားအောင် biggrin … If ကို သေချာလေး လေ့လာစေချင်ပါတယ် ပရိုဂရမ်မင်းမှန်သမျှ If ကို သုံးရပါတယ် သုံးရင်လည်း အခု သဘောတရားလေးနဲ ့ပဲ သုံးမှာပါ …. ဒီကုဒ်လေးကို နားလည်ရင် နောက်တစ်ခု လေ့လာကြည့်ပါမယ်….
Code:
@echo off
:start
echo Welcome to my program
set /p pass= echo Please tell me your dirth-year to use my program:
if %pass% leq 1995 (
goto old
) else (
goto young
)
:young
echo You can't use my program
pause
cls
goto start
:old
cls
echo You can use my program.
pause
goto :program
:program
cls
echo We are the world
pause
echo We are the children
pause
echo Time to stop my program ! Have a nice day !
pause
exit
ပုံမှန် လေ့ကျင့်နေကျ ထက်တော့ ပိုရှည်နေပါတယ် ဒါပေမယ့် အကုန်လုံးက သိပြီးသား ကုဒ်တွေ ချည်းပါပဲ ဖတ်ကြည့်ပါအုန်း နားလည်လားလို့  နောက်ပြီး ပရိုဂရမ်လေးကိုလည်း သုံးကြည့်ပါအုန်း သဘောတရား သိအောင်…. ဒီပရိုဂရမ်လေးက If ကို နားလည်စေမယ်လို့  ယုံကြည်ပါတယ်…. If %pass% leq 1995 ဆိုတာက 1995 နဲ့ ညီရင် သို့  1995 အောက်ငယ်ရင် လို့  အဓိပ္ပာယ်ရပါတယ်…. Less than or equal ပေါ့…. အဲ့လို သင်္ကေတလေးတွေကို ဆက်လေ့လာကြပါမယ်….
Quote:equ>>Equal
neq>>Not equal
lss>>Less than
leq>>Less than or equal
gtr>>Greater than
geq>>Greater than or equal
ဒါဆို နားလည်ပြီ ထင်ပါတယ် သေချာ လေ့လာကြည့်ပါ….
File attributes
ဖိုင် attributes ဆိုတာ ဖိုင်ရဲ့ ဂုဏ်သတ္တိ ပဲဆိုပါစို့  ဟီးဟီး သတိရသေးတယ် ကျောင်းတုန်းကဆို အောက်ဆီဂျင်ရဲ့ ဂုဏ်သတ္တိတို့  ဘာတို့  ကျက်ခဲ့ရတာ ဟီး အဲ့လိုပါပဲ ဖိုင်တွေမှာလည်း ဂုဏ်သတ္တိတွေ ( attributes ) ရှိပါတယ်…. ပုံမှန်ဆို မမြင်ရပဲ ပျောက်ကွယ်နေသော Hidden attribute, အသုံးပြုရုံသာ ရပြီး ပြင်ဆင်ခြင်းကို မပြုလုပ်နိုင်တဲ့ read-only attribute, အလွယ်တကူ ဖျက်မရတဲ့ system file attribute, အကုန်ပုံမှန်အတိုင်းပဲ မြင်နေရ ဖျက်လို့ ရ ပြင်လို့ ရတဲ့ archive attribute တို့ ဖြစ်ပါတယ်…. အခု ဖိုင်တွေကို attrib တိုးတာ ဖြုတ်တာကို လေ့လာမှာပါ…့ ဗိုင်းရပ်တွေက သူ့ ဗိုင်းရပ်ဖိုင်ကို hidden,system attrib တွေ တပ်ပေးထားပါတယ်…. အဲ့ခါကျ ပြန်ဖြုတ်ပြီး သတ်ပစ်လို့  ရပါတယ်…. အဲ့လိုပဲ တစ်ခါ တစ်ခါကျ ကိုယ့်စက်ထဲက ဖိုင်တွေ ဖိုဒါတွေကို hidden လုပ်လိုက်ပြီး ကျွန်တော်တို့ ဖိုင်နာမည်နဲ့  သူ့ ဗိုင်းရပ်ဖိုင်ကို တည်ဆောက်လိုက်ပါတယ်…. ကျွန်တော်တို့ က သွားနှိပ်မိတော့ ဗိုင်းရပ်က ထပြီး ကမျင်းပါလေရော…. အဲ့ခါကျ ဗိုင်းရပ်သေသွားလည်း ကိုယ့်ဖိုင်တွေ ဖိုဒါတွေက Hidden ဖြစ်ပြီး မမြင်ရတော့ပါဘူး ဒါဆို သူတို့ ကို hidden attrib ပြန်ဖြုတ်ပေးရမှာပေါ့…. ဒါဆို စပါပြီ…. D:\hehe.txt ကို ဘာ attrib တွေ ရှိလည်းလို့  အရင်ဆုံး ဒါနဲ့  ကြည့်လိုက်ပါတယ်….
Code:
attrib D:\hehe.txt
ဒါဆို A D:\hehe.txt ဆိုပြီး A တစ်လုံး ကို စပေ့များများ ခြားပြီး ဖိုင်နာမည် ရေးပြထားပါတယ် ဒါက A attrib ပဲ ရှိလို့ ပါ archive ပေါ့ hidden က h system က s read-only က r ပါ ဒါဆို သူ့ ကို hidden လုပ်လိုက်ပါ့မယ် ဒီလိုလေးပေါ့
Code:
attrib +h D:\hehe.txt
ဒါဆို hehe.txt လေးက ပျောက်သွားမှာပါ…. D: ကိုသွားပြီး dir ခေါ်ကြည့်ပါ မတွေ့ တော့ပါဘူး…. အခု ကျွန်တော် ရေးခဲ့သမျှ ဥပမာတွေက ဘယ်ဖိုဒါထဲပဲ ရောက်နေ ရောက်နေ လှမ်း အလုပ်လုပ်တဲ့ ကော်မန်းတွေကို ရေးထားတာပါ… အကယ်ရွေ့ များ ဘရားသားတို့ က D: အောက်မှာ ရောက်နေတယ်ဆိုရင် ခုန ကော်မန်းကို ဒီလို တိုတိုလေးရေးလို့  ရပါတယ်….
Code:
attrib +h hehe.txt
ဘာလမ်းကြောင်းမှ မပါပဲ ဖိုင်နာမည်ပဲ ပါရင် အခုရောက်နေတဲ့ ဖိုဒါအောက်ကဖိုင်လို့  ယူဆပါတယ်…. ဒါဆို မျက်လုံးထဲ မြင်ပြီ ထင်ပါတယ်…. အခု hidden လုပ်တတ်သွားပါပြီ ကျန်တဲ့ဟာတွေလည်း တူတူပါပဲ + လေးကိုသုံးပြီး လုပ်ရမှာပါ အခု တစ်ခါ တည်း သုံးမျိုးလုံး လုပ်ပြပါမယ်…
Code:
attrib +h +r +s D:\hehe.txt
ဒါဆို hidden system read-only တစ်ခါတည်း ဖြစ်သွားမှာပါ…. ဘရားသားတို့ က မလိုချင်တော့ဘူး ပြန်ဖြုတ်မယ်ဆိုလည်း လွယ်ပါတယ် ဒီလိုလေးပေါ့….
Code:
attrib –h –r –s D:\hehe.txt
ဒါဆို attrib တွေကို ကောင်းကောင်း ကိုင်တွယ်တတ်ပြီ ထင်ပါတယ်….
Deleting files
ဖိုင်တွေကို ဖျက်တဲ့ အကြောင်းကို အသေးစိတ် လေ့လာကြပါမယ်…. Del နဲ့  attrib ပေးထားတာတွေကို ပုံမှန်အတိုင်း ဖျက်လို့  မရပါဘူး attrib ဖြုတ်ရင် ဖြုတ် မဖြုတ်ရင် delကော်မန်းမှာ အပိုကော်မန်းလေးတွေ ထပ်ထည့်ပေး ရပါမယ်…. ဥပမာ ဖိုင်တစ်ခုကို h s r သုံးခုလုံး ပေးထားတယ်ဆိုပါစို့ ဒါဆို del ချည်းပဲ ဘယ်လိုမှ မဖျက်နိုင်တော့ပါဘူး…. ဒါဆို ဘယ်လို ဖျက်မလည်း …. ဒီလိုပေါ့….
Code:
del /a:hsr D:/hehe.txt
ဒါလေးက hehe.txt မှာ ရှိတဲ့ hsr သုံးခုလုံးကို ဖြုတ်ပြီး ဖျက်ပစ်ပါလို့  ပြောလိုက်တာပါ ဒါကြောင့် hehe.txt ကို ဖျက်ပစ်နိုင်ပါပြီ…. ဖိုင်တွေကို ဖျက်တဲ့ အခါ ပုံမှန် ၀င်းဒိုးက သုံးသလို တစ်ကယ်ဖျက်မှာလား ဆိုတဲ့ မေးခွန်းတွေကို cmd မှာ မမေးပါဘူး ဖျက်ပစ်လိုက်ရင် ပျက်ထွက် သွားတာပဲ ဟီး ဒါကြောင့် လိုအပ်ရင် တစ်ကယ် ဖျက်မှာလား ဆိုတဲ့ မေးခွန်းကို ကိုယ်က မေးခိုင်းလို့ ရပါတယ်…. ဒီလိုပေါ့
Code:
del /p D:\hehe.txt
ဒါဆို ဖိုင်ကို ဖျက်ခိုင်းလိုက်တဲ့အခါ Delete ( y / n ) ? ဆိုပြီး မေးလာပါလိမ့်မယ်…. ဖျက်ချင် y (yes) ပေါ့ မဖျက်ချင် n (no ) ပေါ့…. ဖိုဒါ တစ်ခုအောက်မှာ ရှိသမျှ ဖိုင်အကုန်ဖျက်ချင်ရင်ကျတော့ ဒီလို ဖျက်ရပါမယ်….
Code:
del “D:\My folder\*”
ဒါဆို D: အောက်က my folder ထဲမှာ ရှိသမျှ ဖိုင်အကုန် ဖျက်ပစ်မှာပါ…. ဒါပေမယ့် သူက /p မခံပေမယ့်လည်း yes no မေးတာကို တွေ့ မှာပါ…. အဲ့ဒါက * ကြောင့်ပါ… * ရဲ့ အဓိပ္ပာယ်က အကုန်လို့  ဆိုလိုတာပါ ဖိုင်အကုန် ဖျက်စေတာပေါ့…. ဒါပေမယ့် အဲ့လို * နဲ့  သုံးရင်တော့ yes no ကကျိန်းသေ မေးမှာပါ…. အကြောင်း အမျိုးမျိုးကြောင့် မမေးစေချင်ရင် /q ခံရပါမယ် Quiet ဆိုတဲ့ အတိုကောက်ပေါ့ တိုးတိုးတိတ်တိတ် စကားမရှည်ပဲ ဖျက်ခိုင်းလိုက်တာပါ ဒီလိုပေါ့….
Code:
del /q “D:\My folder\*”
ဒါဆို မမေးတော့ပါဘူး…. D:\My folder\* ကို “ “ လေးတွေကြားထဲ ထည့်ထားတာ သတိထားမိမှာပါ အရင်ဆို အဲ့ဒါလေးတွေ မထည့်ဘူးလေ… သူ့ ကို ထည့်ရတာက ကိုယ်သွားမယ့် လမ်းကြောင်းမှာ စပေ့လေးတွေ ပါလာလို့ ပါ…. My နဲ့  folder ကြားမှာ စပေ့တစ်ချက်ခြားလိုက်တာမို့  “” မပါပဲ ဒီတိုင်းရေးရင် အယ်ရာ ဖြစ်မှာပါ မယုံရင် စမ်းကြည့်ကြပါ…. ဒါဆို “” * /q /p အဲ့လေးခုကို သိပြီ ထင်ပါတယ်…. * နဲ့  ပတ်သတ်ပြီး နောက်တစ်ခုဆက်သွားပါ့မယ်….
Code:
del /q “D:\My folder\*.txt”
ဒါလေးရဲ့ အဓိပ္ပာယ်က my folder အောက်မှာ ရှိသမျှ .txt နဲ့  ဆုံးတဲ့ ဖိုင်တွေ အကုန်လုံးကို စကားမရှည်ပဲ ဖျက်ပစ်လို့  ဆိုလိုတာပါ… D:\My folder\*.exe ဆိုရင်တော့ .exe ဖိုင်တွေ အကုန်ဖျက်ပစ်လို့  ဆိုလိုတာပါ….
Code:
del /q “D:\My folder\bo*.*”
ဒါကတော့ မိုင်ဖိုဒါ အောက်က bo နဲ့  စတဲ့ ဖိုင်မှန်သမျှ အကုန် ဖျက်လို့  ပြောတာပါ txt ပဲဖြစ်ဖြစ် exe ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် bo နဲ့  စတာနဲ့  ဖျက်ပစ်မှာပါ…. D:\My folder\bo????.txt ဆိုရင်တော့ bo နဲ့  စပြီး သူ့ နောက်မှာ စာလုံး လေးလုံးပါတဲ့ txt ဖိုင်မှန်သမျှ အကုန် ဖျက်လို့  ဆိုလိုတာပါ…. ဒါဆို တော်တော် စုံပါပြီ မဖိုင်ဖျက်တာကိုတော့ …. ခုန ကျွန်တော်တို့ ဖျက်ခဲ့တာက ဖိုဒါ အောက်က ဖိုင်တွေကိုပဲ ဖျက်ခဲ့တာပါ ဖိုဒါကိုတော့ အလွတ်ထားခဲ့ပါတယ် အကယ်ရွေ့  ဖိုဒါ တစ်ခုလုံးကိုပါ ဖျက်ချင် ဘယ်လို လုပ်မလည်း ဒါဆို del နဲ့ တော့ မရတော့ပါဘူး ဖိုဒါကို rd ကော်မန်းနဲ့  ဖျက်ရပါမယ် ဒီလိုလေးပေါ့ …
Code:
rd “D:\My folder”
ဒါဆို My folder ကော သူ့ အောက်က ဖိုင်တွေကော ပျက်ကုန်မှာပါ တစ်ကယ်လို့ များ My folder အောက်မှာ နောက်ထပ် folder တစ်ခု ရှိရင်တော့ ဒီတိုင်း ဖျက်လို့  မရတော့ပါဘူး /s ကို ဒီလိုလေး သုံးပြီး ဖျက်ရပါမယ်….
Code:
rd /s “D:\My folder”
ဒါဆို တစ်ကယ်ဖျက်မှာလားလို့  မေးပါလိမ့်မယ် ဖျက်မယ်ဆိုရင်တော့ သူ့ အောက်က ဖိုင်တွေကော ဖိုဒါတွေကော အကုန် ပျက်ကုန်ပါပြီ ဒီနေရာမှာ ဖျက်မလား မမေးစေချင်ရင်တော့ /q ကို သုံးနိုင်ပါတယ်….
Viewing hidden file
ကျွန်တော်တို့  dir နဲ့  ဖိုဒါ တစ်ခုထဲ ဘာတွေ ရှိလည်း ကြည့်တဲ့အခါ hidden ဖိုင်တွေ ရှိနေရင် မြင်ရမှာ မဟုတ်ပါဘူး…. တစ်ကယ်လို့  hidden တွေပါ ကြည့်ချင် ဒီလို ကြည့်ရပါမယ်….
Code:
dir /a “D:\My folder”
ဒါဆို အကုန်မြင်ရပါပြီ….
Suggestion
ကျွန်တော်တို့  အခုဆို cmd နဲ့  batch file ကိုတော်တော်စုံသွားပြီလို့  ပြောနိုင်ပါတယ်…. Cmd ကော်မန်း တစ်ခုကို အသေးစိတ် ကြည့်ချင်တိုင်းမှာ ဒီလို ကြည့်လို့  ရပါတယ်….
Code:
del /?
ဒါဆို del ကော်မန်းနဲ့  ပတ်သတ်သမျှ အကုန်လုံးကို အသေးစိတ် ဖော်ပြလာမှာပါ ဆက်လက်လေ့လာနိုင်ပါတယ်…. ဒီစာအုပ်လေးကို စရေးတုန်းက system အကြောင်းတွေပါ ထည့်ရေး မလို့ ပါ အကြောင်းအမျိုးမျိုးကြောင့် မပါဖြစ်တော့ပါဘူး…. နောက်ပိုင်း စာအုပ်တွေကျ ပါလာမှာပါ…. ကျွန်တော်လည်း အင်တာနက် မသုံးဖြစ်တော့ learning မလုပ်နိုင်တော့ပါဘူး ဒါကြောင့် learn ထားသမျှကို ပြန်ပြီး ညှစ်ထုတ်နေပါတယ် ဟီးဟီး…. လိုအပ်တဲ့လူတွေ လေ့လာနိုင်အောင် မြန်မာ စာအုပ်လေး တစ်အုပ် ဖန်တီးမိသွားပါပြီ ကျေနပ်မိတယ်…. ခိခိ မိုက်လယ်အားလုံး အဆင်ပြေပါစေဗျာ