နောက်ပိုင်းထွက်ရှိလာသော Android Version
4.2.2 မှ 4.4.2 အထိဖုန်းများတွင် Myanmar Font
ထည့်သွင်းရာတွင် One Click Apk များနှင့်ထည့်သွင်း
ပါက အဆင်ပြေခြင်းရှိသလို အခန့်မသင့်လျှင်လည်း
Firmware ကျတတ်သည်အထိဖြစ်တတ်ပါတယ်။
ဒီလိုပြဿနာမဖြစ်ဖို့ Android မှာမြန်မာစာထည့်
သွင်းနည်းကိုသမာရိုးကျနည်းစနစ်ဖြစ်တဲ့
{ Fonts + Root Explorer } နည်းစနစ်နဲ့သွင်းတာက
ပြဿနာကင်းရှင်းပြီး စိတ်ကြိုက်မြန်မာစာချိန်ညှိ
လို့ရပါတယ်။ မြန်မာဖောင့်အတွက်ဖုန်း APKများ။
မြန်မာဖောင့်ထည့်သော ကွန်ပျူတာ APP များ
ဟာလည်း ဒီနည်းလမ်းကိုပဲအသုံးပြုထားတာပါ။
One Click နဲ့ ကိုယ့်အားကိုယ်ကိုးစနစ်ကွာတာပဲ
ရှိပါတယ်။ဒီနည်းကတော့ error ကင်းပါတယ်။
ဒီနည်းကိုအသုံးပြုဖို့အသုံးပြုမယ့် Android Phone
ဟာ Root ဖောက်ပြီးသားဖြစ်ရပါမယ်။
ပြီးရင်ဖုန်းထဲကို Root Explorer ကိုထည့်သွင်းပါ။
SD ကဒ်အလွတ်တစ်ခုထဲကို
SmartZawgi.ttf
Roboto-Regular.ttf
Padauk.ttf
ဖောင့်သုံးခုကို MF ဆိုပြီး
ဖိုဒါတစ်ခုဆောက်ကာထည့်သွင်းပါ။
ပြီးရင် SD ကဒ်ကိုဖုန်းမှာထည့်သွင်းပါ။
Root Explorer ကိုဖွင့်ပါ။
ကဏ္ဏနှစ်ခုခွဲထားတာတွေ့ပါလိမ့်မယ်။
ပထမတစ်ခုက ROOT
ဒုတိယတစ်ခုက STORAGE ပါ။
ကျွန်တော်တို့ ROOT ဆိုတဲ့ကဏ္ဏကိုဝင်ပါမယ်။
ပြီးရင် system ဆိုတဲ့ ဖိုဒါထဲကိုဝင်ပါမယ်။
ပြီးရင် fonts ဖိုဒါထဲကိုဝင်ပါမယ်။
အပေါ်နားမှာ r-o ဆိုတဲ့အရာလေးကိုနိပ်ပြီး
r-w ဖြစ်အောင်လုပ်ထားလိုက်ပါ။
ဒီအဆင့်ပြီးရင်တော့ ဟိုဘက်က STORAGE
ဆိုတဲ့ကဏ္ဏကိုဝင်လိုက်ပါ။
စောစောက ကျွန်တော်တို့ဆောက်ထားတဲ့
MF ဆိုတဲ့ဖိုဒါထဲကိုဝင်လိုက်ပါ။
ပြီးရင်တော့ ဖိုဒါထဲမှာရှိတဲ ဖိုင်သုံးဖိုင်လုံးကို
select all နဲ့ Copy ကူးပါ။
ပြီးရင်စောစောကဖွင့်ထားတဲ့ fonts ဆိုတဲ့ဖိုဒါကို
သွားပြီး Copy here လုပ်ပေးပါ။
ရှိပြီးသားဖိုင်တွေဆို Replace လုပ်မလားမေးပါတယ်
Replace ကိုပဲနိပ်ပေးလိုက်ပါ။
အားလုံးပြီးသွားရင်တော့ ဖုန်းကို Restart ချလိုက်ပါ။
ပြန်တတ်လာရင်မြန်မာစာမြင်နေရပါပြီ။
အဆင်ပြေဆုံး font သုံးခုပဲထည့်ပေးထားပါသည်။
အခြားဖောင့်များနင့်လည်းစမ်းသပ်နိုင်ပါသည်။
File Size - 2MB
No comments:
Post a Comment